Your cart is currently empty!

Monk
တိပိဋကဆရာတော် ဘဒ္ဒန္တ ဝိစိတ္တသာရာဘိဝံသ
ဆရာတော်ကြီးကို မြန်မာသက္ကရာဇ် ၁၂၇၃၊ တန်ဆောင်မုန်းလဆန်း ၁၁-ရက်နေ့ ခရစ်သက္ကရာဇ် ၁၉၁၁ ခုနှစ်၊ နိုဝင်ဘာလ (၁)ရက်၊ ဗုဒ္ဓဟူးနေ့၊ နေ့ (၃)နာရီကျော်တွင် မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ကျည်ပင်ရွာ၌ ရွာသူကြီး ဦးဆုံ၊ ဒေါ်ဆင်တို့မှ ဖွားမြင်ခဲ့သည်။ ငယ်နာမည် မောင်ခင်ဖြစ်သည်။ မွေးချင်း မောင်နှမ မသုံ၊ မောင်ခင်၊ မောင်ဘသင် သုံးဦးရှိရာ မောင်ခင်မှာ ဒုတိယ သားရတနာ ဖြစ်သည်။
မောင်ခင် ၃ နှစ်သားအရွယ်တွင် ဖခင်ဖြစ်သူ ဦးဆုံ ကွယ်လွန်ခဲ့ရာ မိခင် ဒေါ်ဆင်သည် သဲဖြူဝ အနောက်ရွာရှိ သူ၏ မိဘအိမ်သို့ ပြောင်းရွေ့နေထိုင်ပါသည်။ မောင်ခင်ကမူ ကျည်ပင်ရွာ၌ပင် အဖိုးဖြစ်သူ မြန်မာဆေးဆရာကြီး ဦးချယ်၊ ဒေါ်အံ့တို့ထံ နေရစ်ခဲ့သည်။ ၁၂၇၇-ခုနှစ်၊ ၅ နှစ်သားအရွယ်မှစတင်၍ အခြေခံ ဗုဒ္ဓဘာသာ စာပေများကို ရွာဦးဘုန်းကြီးကျောင်းရှိ ဆရာတော် ဦးသာသနာ့ ထံတွင် စတင်သင်ယူ လေ့လာခဲ့သည်။ မန္တလေးမြို့၌ ထင်ရှားသော နန်းဦးဘုန်းကြီးကျောင်းမှ ဆရာတော် ဦးသာသနာ့ မှာ မောင်ခင်၏ လက်ဦးဆရာဖြစ်သည်။ အဘိုးဖြစ်သူ ဦးချိုင်မှလည်း ဗုဒ္ဓဘာသာနှင့်ပက်သက်သော ရှိခိုးခြင်း၊ ဆုတောင်းခြင်း၊ ဟောပြောချက်များကို သင်ကြားပေးခဲ့သည်။
ဆက်သွယ်ရန်
ကျောင်းတိုက်:ဓမ္မနာဒကျောင်းတိုက်၊ မင်းကွန်း
ဇာတိ:စစ်ကိုင်းတိုင်း
ဖုန်းနံပါတ်:+959-980-349-252
အလှူခံရရှိခဲ့သောဘွဲ့တံဆိပ်တော်များ
ပရိယတ္တိသာသနဟိတ ဓမ္မာစရိယ ဝဋံကသာ (၁၉၃၄)
– အစိုးရ ပဌမကျော် (၁၉၃၄)
– သာသနဓဇ သိရီပဝရ ဓမ္မာစရိယ (၁၉၄၁)
– ဗုဒ္ဓသာသန နုဂ္ဂဟဝိသိဋ္ဌဝိနယဓရ မဟာဝိနယ ကောဝိဒ (၁၉၅၁)
– ဗုဒ္ဓသာသန ဝိသိဋ္ဌအာဘိဓမ္မိက မဟာအဘိဓမ္မာ ကောဝိဒ (၁၉၅၃)
– ဗုဒ္ဓသာသန ဝိသိဋ္ဌ ဒီဃဘာဏက မဟာဒီဃနိကာယ ကောဝိဒ (၁၉၅၃)
– ဗုဒ္ဓသာသန ဝိသိဋ္ဌ တိပိဋကဓရ ဗုဒ္ဓသာသန မဟာတိပိဋက ကောဝိဒ (၁၉၅၃)
– ဘဒ္ဒန္တဝိစိတ္တသာရာဘိဝံသ တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက (၁၉၅၄)
– ဆဋ္ဌသံဂီတိ ဝိဿဇ္ဇက (၁၉၅၇)
– ဆဋ္ဌသံဂီတိ ကာရက (၁၉၅၇)
– ဆဋ္ဌသံဂီတိ ဘာဏက (၁၉၅၇)
– ဆဋ္ဌသံဂီတိ ဘာရ နိတ္ထာရက (၁၉၅၇)
– ဆဋ္ဌသံဂီတိ ပါဠိဝိသောဓက (၁၉၅၇)
– ဆဋ္ဌသံဂီတိ ပါဠိပဋိဝိသောဓက (၁၉၅၅)
– ဆဋ္ဌသံဂီတိ ဩသာနသော ဓေယျပတ္တပါဌက (၁၉၅၇)
– အဋ္ဌကထာ သံဂီတိကာရက (၁၉၆၂)
– ဋီကာ သံဂီတိကာရက (၁၉၆၂)
– မဟာဗုဒ္ဓဝင်ကျမ်းပြု (၁၉၆၉)
– အဂ္ဂမဟာပဏ္ဍိတ (၁၉၇၉)
– အဘိဓဇမဟာရဋ္ဌဂုရု (၁၉၈၄)
– အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက (၁၉၉၁)

